jump to navigation

လေးထွေသံကပ် နှင့် မြင်းခင်း April 8, 2012

Posted by myanmarclassical in တင်တင်မြ, အခြား.
Tags: , ,
trackback

လေးထွေသံကပ် ဆိုတာက စောင်းအခေါ် လေးပေါက်အောက်ပြန်သံ နဲ့ တီးရပြီး အဆိုအတီး အသံကပ်၊ အသံခက် တဲ့အတွက် သံကပ်လို့ခေါ်တာပါ။ အဆိုတော်ကြီး ဒေါ်တင်တင်မြ ဆိုပြီး အလင်္ကာကျော်စွာ စောင်းဦးဘသန်းက စောင်းနဲ့တီးခတ်ပေးထားပါတယ်။ ရွေညီလာက လေးထွေသံကပ် ဖြစ်ပြီး မြန်မြေနယ်ကတော့ မြင်းခင်းပါ။ ဒီသီချင်း ၂ ပုဒ်လုံးကို ဘယ်သူရေးစပ်ခဲ့လဲဆိုတာ မဟာဂီတစာအုပ်တွေမှာ မဖော်ပြထားပေမယ့် မြန်မြေနယ်ကိုတော့ မြဝတီမင်းကြီးရေးစပ် ခဲ့တာဖြစ်နိုင်ကြောင်း နိုင်ငံတော်မူမဟာဂီတမှာ ဖော်ပြထားပါတယ်။

ရွေညီလာ လေးထွေသံကပ်

(ဂီတဝိသောဓနီမူ)

ရွေညီလာ ကြာယွန်းဝယ်ပ၊ ရွှေဖီညှာ ခါကျွန်းနယ်က၊ ဆက်ပါ့မယ်လေ သာညွှန်းလွယ်ရလေ။   ။ သက်ထက်ကယ် ကြူးပါသည့်၊ ကြော့မှူးကေသီ၊ ဘုန်းမယ်ရို့ဆီ။    ။ ဝေရီရီဆင်တိုင်းထွေလှ။ လေချီချီသင်တိုင်းမြေခ၊ ထက်စည်ကျံကျံ-သံညှင်းဝယ်ပလေး။   ။ တင်ဆင်ရမည် ကြိုင်ဧ။ ဆွတ်ကြွေးရေး။  ။ သည်သည်နှင့်သာ။ တန်လေစေ၊ ခုဘန်တော်ထွေ။    ။ ရေမြေဒီပါဘွေ၊ စက်ရွှေဖြန့်ကာ၊ ဘယ်နန်း ညာနေသူ့ဘက်ရှင်းဝေး၊။     ။ စိန့်လေးငယ် ညာမော်။ ကြွေးရင်ရင့် သန်းယံကျော်။ ပူဘော်ရွှေစောင်း။ ပျောင်းလို့ဖြေမပျော်။ ညှိုးလျော်တည့်ခွေနွမ်းဆွေး။    ။ သဇင်ခွာပြာသင်းတယ်ပလေ။   ။ တသွင်မာယာမင်းမယ်ကလေး၊ ညှင်းညံ့ညံ့ လေပြည်၊ မဆည်တို့နိုင်သေး၊ ထင်ယောင်တရေးရေး။    ။ ဆိုဆိုတင် မေးသည်နှင့်။ ငှက်ကျေးငယ်ဖေါ်နှော၊ မယ်လျစော၊ ဥသြတွံသံသာ။    ။ မြတ်မှာတော်ထူးပါထင့်။ ဖူးရွှေညဥ့်ခြုံငယ်မှာ၊ သဉ်ဘုံသာရှုစားမိလေ။    ။ သောင်းရွေလုံးမှူးငယ်က၊ ဘန်ကူးငယ်လွမ်းရာ၊ မြင်တော်လာသားငယ်နှင့်လေး။    ။ ပွားကြောင်း။ များကြောင်း-ထွေ။

စန္ဒရာယှက် မြင်းစီးပုံနှင့် သိကြားတန်ဆောင်ကိုင်ဟန် အဲမောင်းရေးဘွဲ့။

(ဂီတဝိသောဓနီမူ)

မြန်-မြေ-နယ်-ဇမ္ဗူဘောင်။ လျှံ-ဝေ-ခြယ်-ခြူအရောင်။ သွန်းသွန်းလင်း။ ရွှန်းရွှန်းဝင်း။ နတ်မြင်းဗွေ-တိမ်ယံပျော်။   ။ ညာမော်ပြိုင်ဘော် ကင်းဝေး။   ။ခွာသံမြေလျှံ သောင်းလုံးကျေး။ စံရွှင်-နန်းစဉ်ပျော်ရေး။ သက်တော်ရာကျော်ကြူးဧ။    ။ စာမရီသို့၊ ထူးမခြား။   ။ နတ်မြင်းပျံသို့။ မြူးကြွားကြွား။  ။ တွေးမှား။ တွေးမှား ပင်။    ။ ရွှေစဉ်လျှံလက်။ ဇမ္ဗူလှော်ကိုးမျက်ကယ်နှင့်လေး။ဥက္ခက်ကယ်စိန်စီ။ ပတ္တမြားက သိဂီ်။  ။ ရောင်နီလေ၊ ဇက်သုံးဇက်သုံး။ စီးနင်းခတောင်တော်ငယ်မှာ။ တိမ်ပေါ်နတ်လှနှုန်း။  ။ ရောင်နီလေ-ရောင်နီလေ-ရောင်နီဇက်သုံး။ စီးနင်းခတောင်တော် ငယ်မှာ။ တိမ်ပေါ်နတ်လှနှုန်း။ ကျွန်းပတ်ကုံး။ ထွန်းလျှပ်ဘုန်း။ မြင်သူတွေးဘွယ်သာ။   ။ ဣန္ဒာရိုးကြမှတ်ထင်သော။   ။ ကွန့်မြူးပျံကြွ-နတ်သိန္ဓော။   ။ တွေးမော-တွေးမော ပင်။    ။ စန္ဒရာယှက်-စီးပုံပြင်။ မြင်သူမြင်သူ ချီးအံ့အဲ။ မြင်းရေးဟန်လှနွှဲပါလို့။ အဲမောင်းဝေမြိုင် မြိုင်လေတည့်။ သိကြား တန်ဆောင်ကိုင်။

Download

လေးထွေသံကပ် နှင့် မြင်းခင်း  ( 4 shared)

– လေးထွေသံကပ် နှင့် မြင်းခင်း (mediafire)


Comments»

1. ကိုနေမျိုင်လယ် နှင့်နန်းကြာညိုကြော့ သီချင်းကြီးတွေတင်ခဲ့ရင် ပို့ပေးစေလိုပါတယ် - April 20, 2012

ပန်းမြိုင်လယ်

myanmarclassical - April 20, 2012

အီးမေးလ်ဖြင့် ပိုစ်အသစ်တင်ကြောင်း ရယူရန် box မှာ အီးမေးလ်ထားပေးရင် ပိုစ်အသစ်တင်ရင် အလိုအလျောက်ပို့ပေးပါတယ်။

myanmarclassical - April 27, 2012

ပန်းမြိုင်လယ်၊ နန်းကြာညိုကြော့ တို့ကို မကြာမီ တင်ပေးပါ့မယ်။

2. kozaw - June 3, 2012

ဘ၀သံသရာ သီချင်းတင်ပေးပါနော်

myanmarclassical - June 3, 2012

Leave a comment