jump to navigation

စက်လဲပျော်ပါနိုင် February 14, 2012

Posted by myanmarclassical in ယိုးဒယားသီချင်းများ, ဝင်းဦး, အဆိုတော် (ကျား).
Tags: ,
trackback

ရေးသူ – မြဝတီမင်းကြီးဦးစ

သီချင်းအမျိုးအစား – အီနောင်ဇာတ်ထွက်ယိုးဒယား

အဆို – ဝင်းဦး

အတီး – အော်ဂင် တင်ဝင်းလှိုင်၊ စန္ဒယား အေဝမ်းခင်မောင်

စက်လဲပျော်ပါနိုင်

အီနောင်ဇာတ်ထွက်ယိုးဒယား

(မြဝတီမင်းကြီး)

စက်လဲပျော်ပါနိုင်၊ နန်းပင်တိုင်ကြော့၊ ကြာရံလယ်၊ ယဉ်ရွေလုံ့၊ ရွှေကေသီ၊ စုံညီပျော်ပါး၊ ရွေဝန်းလျား။ မြယွန်းသန်းယံကျော်၊ နန်းဗဟို၇်ဆော်လဲ၊ ပျော်ပဲသား။ ဘယ်ဆီမှာ၊ ဘယ်ဘုန်းအား၊ ပြောတော်ငြား၊ ရှာလိမ့်မယ်၊ သူ့တိုင်းကြော့ ကာလံဝယ်၊ လွှမ်းတာကြွယ်လို့၊ ပူနယ်ပွား။ ဘယ်ဆီမှာ ဘယ်ဘုန်းအား၊ ပျော်တော်ငြား ရှာလိမ့်မယ်၊ သူ့တိုင်းကြော့ကာလံဝယ်၊ လွှမ်းတာကြွယ်လို့၊ ပူနယ်ပွား။    ။

မြန်မာသီချင်းကြီးတွေကို စောင်း၊ ပတ္တလား၊ နှဲ ဆိုင်း တို့နဲ့ တီးခတ်ရာကနေ အနောက်တိုင်းတူရိယာတွေဖြစ်တဲ့ စန္ဒယား၊ တယောတို့နဲ့ ပြောင်းလဲတီးခတ်လာကြတယ်။ ဒါအပြင် မယ်ဒလင်၊ ဘင်ဂျို၊ ဂီတာ၊ လက်ဆွဲဘာဂျာ တို့နဲ့လဲ တီးခတ်ခဲ့ကြတယ်။ ခေတ်ကာလပြောင်းလဲလာတော့ မြန်မာ့နားနဲ့ကိုက်ညီတဲ့ တူရိယာတွေသာကျန်ခဲ့တယ်။ electornic organ တွေစဝင်လာတော့ organ နဲ့မဟာဂီတတွေ တီးကြည့်ရင် ဘယ်လိုနေမလဲဆိုပြီးတော့ အဆိုတော်ကြီးဝင်းဦး နဲ့ စန္ဒယားတင်ဝင်းလှိုင် တို့က သီချင်းကြီးတွေကို organ ပေါ်တင်ကြည့်ကြတယ်။ organတူရိယာကိုပဲ ယူပြီးတော့ အသံအတွဲအဖက် အယူအဆတွေကတာ့ မြန်မာ့မူမှန် မြန်မာ့အသံတွေပါပဲ။ နားထောင်ရတာမဆိုးပေ မယ့် မြန်မာ့နားနဲ့တော့သိပ်ကိုက်ညီပုံမရပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အပြောင်းအလဲကလေး အဖြစ်နားဆင်ကြည့်ပါ။

စက်လဲပျော်ပါနိုင်

Comments»

1. tunminlatt - February 14, 2012

good

2. ko myo - February 15, 2012

လှည်းတန်းဦးလူကလေးရဲ့ ရပ်ကြီးသူတို့ သီချင်း ဒေါ်တင်တင်မြရဲ့ မဟာဗုဒ္ဒ၀င်
ကမြဲကိုအေးကျော်ရဲ့တောင်တော်ရွှေပုပ္ပား ဒေါ်ခင်အုန်းမြင့်လေး၏ ရုပ်သေးပွဲ
စတာတွေကိုရနိုင်မယ်ဆိုရင်တင်ပေးစေချင်ပါတယ်။
ဆရာနေ၀င်းမြင့်ရဲ့စာပေဟောပြောပွဲကိုနားထောင်ပြီးကတည်းကရှာနေတာ ၂ နှစ်ကျော်ပါပြီ ပြည်ပရောက်နေတော့ရှာရအတော်ခက်နေလို့ပါ။သီချင်းတွေတင်ပေး ပို့ပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်။

myanmarclassical - February 15, 2012

ဒီသီချင်းတွေ ကျွန်တော်ဆီမှာ မရှိပါဘူး။ ကျွန်တော်က သီချင်းကြီးတွေကို သီးသန့်တင်တာပါ။ ဒါပေမယ့် အတက်နိုင်ဆုံး ရှာပေးပါ့မယ်။ ရရင်တော့ မေးလ်ကနေတဆင့် ပို့ပေးပါ့မယ်။

3. ko myo - February 21, 2012

ရပ်ကြီးသူတို့ သီချင်းဟာ လျှပ်ပန်းခွေနွဲ့ အလိုက်အတိုင်းမှီးပြီးရေးထားတာလို့ ပညာရှင်များဆိုကြောင်းစာထဲမှာဖတ်ဖူးပါတယ်။နားမထောင်ဖူးတော့ဘယ်လိုသီချင်းအမျိုးအစားထဲမှာပါလဲဆိုတာ မသိပါဘူး။တက်ခုတ်ယိမ်း၊ လှေတော်သံ၊ဗုံကြီးသံ၊မခေါက်ဗျော၊မိုးဇာဗျော၊ရေခင်းတော်သံ၊မြင်းခင်းတော်သံ စတာတွေဟာလည်းပျောက်ကွယ်လုနီးဖြစ်နေတဲ့မြန်မာ့ဂန္တဝင်ရှေးသီချင်းတွေပါ။။တစုတစည်းတည်းဖြစ်အောင်ဒီဆိုဒ်မှာဘဲတင်ဘို့အကြံပြုပါတယ်။

myanmarclassical - February 21, 2012

ဟုတ်ကဲ့ခင်ဗျာ။ ရေမီးထိန်လျက်(အချုပ်တန်းဆရာဖေ)၊ လျပ်ပန်းခွေနွဲ့(နားခံတော်ဦးခြုံ)၊ စိန်အေးယင်နံ့ (ဝက်မစွက်ဝန်ထောက်)၊ ရပ်ကြီးသူတို့ (တရုပ်တန်းဦးလူကလေး) ဒီသီချင်း ၄ ပုဒ်ဟာ အလိုက်တူပါ။ကျွန်တော့်မှာတော့ လျပ်ပန်းခွေနွဲ့၊ ရေမီးထိန်လျက်၊ ရပ်ကြီးသူတို့ ၃ ပုဒ်တော့ရှိပါတယ်။ နောင် တင်ပေးပါ့မယ်။ တက်ခုတ်ယိမ်း၊ လှေတော်သံ၊ ဗုံကြီးသံ၊ မခေါက်ဗြော၊ မိုးဇာဗြော၊ သီချင်း တွေကတော့ လောလောဆယ်ကျွန်တော့်မှာမရှိပါဘူး။ စာသားတွေပဲရှိပါတယ်။ အသံမရှိသေးဘူး။ကျွန်တော်လိုက်ရှာစုဆောင်းနေပါတယ်။ ရေခင်းတော်သံ၊ မြင်းခင်းတော်သံတွေကိုလဲ ကျွန်တော်မှာရှိသလောက်တင်ပေးပါ့မယ်။ မိတ်ဆွေများမှာ ရှိတဲ့ သီချင်းတွေကိုလဲ ကျေးဇူးပြုပြီးဝေမျှပါဦး လို့တိုက်တွန်းချင်ပါတယ်။


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: