jump to navigation

တောင်ကမ်းပါးယံ မြိုင်ထ June 12, 2012

Posted by myanmarclassical in အခြား, ၀ဏ္ဏကျော်ထင် ဒေါ်အောင်ကြည်, Uncategorized.
Tags: , , , ,
5 comments

တစ်ခါက ကျွန်တော့်ဆရာမကြီး ပြောဘူးတယ်။ အမေဒေါ်စောမြအေးကြည်၊ အမေဒေါ်အောင်ကြည်။ ဘဘ စောင်းဦးဘသန်း၊ ဘဘ ဆိုင်းဦးဘမောင် တို့ မြန်မာ့အသံမှာ သီချင်းကြီးတွေ ဓါတ်ပြားသွင်းဘူးတယ်။ တခြားပညာရှင်တွေလဲပါတယ်။ သူကတော့ ငယ်သေးတော့ အနားမှာ နားထောင် ပညာယူခွင့်ရခဲ့တယ် လို့ပြောဘူးတယ်။ အဲ့ဒါနဲ့ ကျွန်တော်လဲ အဲ့ဒီဓါတ်ပြားသီချင်းတွေ ရနိုင်ဦးမလားဆိုပြီး အနံ့ခံ လိုက်တော့တာပဲ။ ကာလရှည် ဇွဲနပဲနဲ့ လိုက်ရှာပြီး ကံကောင်းထောက်မစွာ သီချင်းအချို့ကို ရရှိခဲ့တယ်။ ၄ ပုဒ် ၅ ပုဒ် လောက် ရခဲ့တယ်။ ထီပေါက်တာထက်တောင် ပိုဝမ်းသာသေးတယ်ဗျာ။ ကျွန်တော်ရထားတာကြာပါပြီ။ (more…)