jump to navigation

တောင်ကမ်းပါးယံ မြိုင်ထ June 12, 2012

Posted by myanmarclassical in အခြား, ၀ဏ္ဏကျော်ထင် ဒေါ်အောင်ကြည်, Uncategorized.
Tags: , , , ,
trackback

တစ်ခါက ကျွန်တော့်ဆရာမကြီး ပြောဘူးတယ်။ အမေဒေါ်စောမြအေးကြည်၊ အမေဒေါ်အောင်ကြည်။ ဘဘ စောင်းဦးဘသန်း၊ ဘဘ ဆိုင်းဦးဘမောင် တို့ မြန်မာ့အသံမှာ သီချင်းကြီးတွေ ဓါတ်ပြားသွင်းဘူးတယ်။ တခြားပညာရှင်တွေလဲပါတယ်။ သူကတော့ ငယ်သေးတော့ အနားမှာ နားထောင် ပညာယူခွင့်ရခဲ့တယ် လို့ပြောဘူးတယ်။ အဲ့ဒါနဲ့ ကျွန်တော်လဲ အဲ့ဒီဓါတ်ပြားသီချင်းတွေ ရနိုင်ဦးမလားဆိုပြီး အနံ့ခံ လိုက်တော့တာပဲ။ ကာလရှည် ဇွဲနပဲနဲ့ လိုက်ရှာပြီး ကံကောင်းထောက်မစွာ သီချင်းအချို့ကို ရရှိခဲ့တယ်။ ၄ ပုဒ် ၅ ပုဒ် လောက် ရခဲ့တယ်။ ထီပေါက်တာထက်တောင် ပိုဝမ်းသာသေးတယ်ဗျာ။ ကျွန်တော်ရထားတာကြာပါပြီ။ ကျွန်တော်နှမျှောတသ စွာ တခြားဝါသနာရှင်တွေကို မမျှမဝေပဲ တစ်ကိုယ်ကောင်းဆန်မိတယ်။ internet facebook စာမျက်နှာမှာ ၀ဏ္ဏကျော်ထင် အမေဒေါ်အောင်ကြည် ရဲ့ မြေးတော်သူနဲ့ ခင်မင်ခွင့်ရခဲ့ပြီး သူရဲ့တိုက်တွန်းချက် အရ ၀ဏ္ဏကျော်ထင် အမေဒေါ်အောင်ကြည် ဆိုထားတဲ့ တောင်ကမ်းပါးယံ မြိုင်ထ ကို ဝါသနာရှင်များအားလုံးနားထောင်လို့ရအောင် ကျွန်တော်မျှဝေပေးပါ့မယ်။ ဒီသီချင်းသွင်းတော့ အမေဒေါ်အောင်ကြည် အသက်၆၀ လောက်ရှိပြီ။ သီချင်းက မိနှစ် ၂၀ ကျော်တယ်။ အသံတစ်ချက်မှ မကျသွားဘူး။ ကျွန်တော် မဟာဂီတ အဆိုများကို များစွာနားထောင်ဘူးပေမယ့် ဒီလောက် ပညာပြည့်ဝပြီး ဟန်ထားကောင်းမွန်တဲ့ ဆိုပုံမျိုးကို ဒီတစ်ခါပဲနားထောင်ဘူးပါတယ်။ ဒီလိုပညာရှင်ကြီးတွေက ဒီလိုဆိုတီးပြီး ထိန်းသိမ်းပေးခဲ့ကြတယ်။ ကျွန်တော်တို့လဲ ဒီလို မဆိုမတီးနိုင်ရင် တောင်မှ ဒီသီချင်းလေးတွေ မပျောက်မပျက် အောင်ထိန်းသိမ်း ပြန့်ပွားအောင်ပြုလုပ်ပေးခြင်းဖြင့် မဟာဂီတကတစ်ဘက်တစ်လမ်းက ထိန်းသိမ်းစောင့်ရှောက်ကြပါစို့။

Download

တောင်ကမ်းပါးယံစွယ် မြိုင်ထ

Comments»

1. ပေတူး - June 18, 2012

ဝေမျှပေးတာ ကျေးဇူးပါဗျာ..

good hopemyth - December 23, 2012

ဒီလို..ခေတ်မျိုးမှာ..သီချင်း ကြီးတွေ တင်ပေးတဲ့ သူငယ်ချင်း ကိုကျေးဇူးတင်ပါတယ်

2. myo min aung(Dawei) - May 19, 2013

အရမ်း thank ဗျာ
ဒီလိုရှားပါးတဲ့သီချင်းများဆက်လက် ဝေမျှပေးပါလို့ဂါရပြုတောင်းဆိုပါတယ်ခင်ဗျာ…

3. freesmoke kmo - June 19, 2013

သီချင်းစာသားလေးတွေလိုချင်ပါတယ်။

4. freesmoke kmo - June 19, 2013

သီချင်းစာသားလေးတွေလိုချင်ပါတယ်။
ကျေးဇူးတင်ပါတယ်။


Leave a comment